Friday, September 3, 2010

တုပ်ကွေး

မနက်ထလာကတည်းကနေမကောင်းချင်။ ညက ကွန်ပြူတာရှေ. ထိုင်တာလည်း ကြာသွားတယ်။ အခန်းထဲက အပူပေးစက် ကလည်း အဆောင်ကသာ အသစ်ဆိုပြီးထုပ်ထားပေးတယ်၊ သူတို. ပြန်ယူသွားတဲ့ စက်အပောာင်း လောက်တောင် အပူမပေးနိုင်ဘူး။

တစ်ရေးတော့ပြန်အိပ်လိုက်တယ်။ ပြန်ထပြီးမှ assignment တစ်ခုတင်ဖို. ဆက်လုပ်တယ်။ Group assignment ဖြစ်တော့ အဖွဲ.၀င်တစ်ခြား ကျောင်းသား ၃ယောက်ကိုလည်း စောင့်ရသေးတယ်။ မနက်၁၀နာရီ ကစပြီး နေ.ခင်း၂နာရီကျမှ အားလုံးစုမိပြီးမှ၁ဲာ assignment ကိုတင်ဖြစ်တယ်။ အားလုံးပြီးသွားတော့အပြင်
သွားမယ်လုပ်သေးတယ်။ ကွန်ပြူတာရှေ. ခုနဆက်ထိုင်ပြီးမှ grocery သွားဝယ်တယ်။ ပြန်ရောက်တော့ ပိုပြီး ထိုင်းမှိုင်းနေပြီ။ ဒါနှင့် Paracetamol နှစ်လုံး ချက်ချင်း သောက်။ ကျားပုရုတ်ဆီကို ရင်ဘတ်လူးပြီး အိပ်။

၂နာရီလောက်အိပ်လိုက်မှနည်းနည်းလန်းလာတယ်။ ပြီးမှညစာထချက်စား။ ဒီတစ်ပတ်က English Premier League လည်း မရှိတော့ နောက်ထပ် Paracetamol ၁လုံး ထပ်သောက်ပြီး စောစောဘဲအိပ်တော့တယ်။

ညစာ (တုတ်ကွေးစာမဟုတ်)

No comments:

Post a Comment